10












စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့နယ်က ရှမ်းနီတိုင်းရင်းသားတွေရဲ့ အတာရေသဘင်ပွဲတော်ကို မနေ့က ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့မှာ ကျင်းပခဲ့ကြပါတယ်။
ဒီပွဲမှာဆိုရင် နှစ်စဉ်အစဉ်အလာမပျက် ပါသင်းကုန်းတော်ပေါ်မှာရှိတဲ့ ဘုရားဆင်းတုတော်တွေကို ရေသွန်းလောင်း ပူဇော်နိုင်ဖို့အတွက် ရေသွန်းကျောင်း ဓမ္မာရုံဆီကို စီတန်းလှည့်လည်ပြီး ပင့်ဆောင်ပူဇော်ခဲ့ကြတာပါ။
ပင်လည်ဘူးဒေသက ရှမ်းနီတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာအစဉ်အလာ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။











