Home » တိုက်ပွဲအတွင်း ပျက်စီးခဲ့တဲ့ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်တွေ နားလည်ပေးဖို့ ဗိုလ်ချုပ်ဂွမ်မော် ပြော

တိုက်ပွဲအတွင်း ပျက်စီးခဲ့တဲ့ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်တွေ နားလည်ပေးဖို့ ဗိုလ်ချုပ်ဂွမ်မော် ပြော

by Homeland Author

ဗန်းမော်ကို အတင်းအဓမ္မ လိုက်ပါခဲ့ရပြီး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်တွေအနေနဲ့ နားလည်ပေးကြဖို့ ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ (စက်တင်ဘာ ၂၃ ရက်) မှာ တောင်းဆိုလိုက်ပါတယ်။

အဆိုပါ တောင်းဆိုချက်ကို ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“ဗန်းမော်သို့ (အတင်းအဓမ္မ) လိုက်ပါခဲ့ရပြီး ဆုံးရှုံးခဲ့ကြသော ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ပုဂ္ဂလိက သင်္ဘောပိုင်ရှင်များ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။

ပုဂ္ဂလိက သင်္ဘောပိုင်ရှင်တွေအနေနဲ့ သင်္ဘော ၄ စီးအထိ ဆုံးရှုံးသူများ ပါဝင်ပြီး ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ သိန်းပေါင်း ၈ ထောင်ကနေ သိန်းပေါင်း ၂ သောင်းအထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မြန်မာစစ်တပ်ဘက်ကို ရိက္ခာနဲ့ လက်နက်အတွက် စစ်ကူလာတဲ့ သင်္ဘောတွေကို KIA ဘက်က တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော အစီး ၂၀ ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလဆန်းပိုင်းကလည်း ဧရာဝတီမြစ်ကြောင်းအတွင်း KIA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်အုပ်စုထဲက သင်္ဘောတစ်စီးပေါ် လိုက်ပါလာသူတွေအနက် ဗန်းမော်စစ်ဘေးရှောင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

related posts

Leave a Comment