Home » အမျိုးသမီး စစ်မှုထမ်းကိစ္စအပေါ် စိုးရိမ်မှု ဖြစ်ပေါ်နေ

အမျိုးသမီး စစ်မှုထမ်းကိစ္စအပေါ် စိုးရိမ်မှု ဖြစ်ပေါ်နေ

by Homeland Author

အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို စစ်တပ်က ဩဂုတ် ၁၀ ရက်နေ့မှာ ဖွင့်လှစ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် စက်ရုံနဲ့ အလုပ်ရုံ အများဆုံးရှိတဲ့ အမျိုးသမီးတွေကြား စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ဒါပေမယ့် ထွက်ပေါ်နေတဲ့ အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းက သတင်းမှား ဖြစ်တယ်ဆိုပြီး ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောထားတာကိုလည်း တွေ့ရပါတယ်။

ထွက်ပေါ်နေတဲ့ အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းကို မှော်ဘီမြို့ရှိ အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်းအပြင် ရကသ ၄ နဲ့ အခြားစစ်သင်တန်းကျောင်းအချို့မှာလည်း လက်ခံလေ့ကျင့်သွားမယ်လို့ ပါရှိတာ ဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့အတွင်း တချို့မြို့နယ်တွေမှာ အမျိုးသားတွေ စစ်မှုမထမ်းရရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို လစဉ်အလိုက် ငွေကျပ် ၁ သောင်းကျပ်မှ ၄ သောင်းကျပ်အထိ ပေးနေရပြီး မိသားစုတွေရဲ့ စားဝတ်နေရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြရပါတယ်။

အခုအခါမှာလည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းအတွက်ကိုလည်း ပိုက်ဆံတွေ ထပ်ပြီး ပေးနေရမယ်ဆိုရင် စားဝတ်နေရေးနဲ့ ပတ်သက်ပြီး ပိုပြီးအခက်အခဲ ဖြစ်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အထည်ချုပ်စက်ရုံနဲ့ ကုမ္ပဏီလုပ်ငန်း အများအပြားရှိတဲ့ ရန်ကုန်မြို့မှာ အလုပ်သမားများစွာရှိနေပြီး စားဝတ်နေရေးအတွက် ည ၉ နာရီနဲ့ ၁၀ နာရီအထိ အချိန်ပို ဆင်းနေကြရတာ ဖြစ်တယ်လို့ အထည်ချုပ်စက်ရုံမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးတွေက OT မဆင်းပြန်ရင်လည်း နောက်မှာရှိနေတဲ့ မိသားစု စားဝတ်နေရေးက အဆင်မပြေပြန်ဘူး။ အခုရရှိနေတဲ့ လုပ်ခလစာကလည်း နည်းပါးနေတဲ့အတွက်ကြောင့်မို့ အချိန်ပိုဆင်းမှပဲ သူတို့ရဲ့ လုပ်ခလစာက ဖူလုံလောက်တဲ့ အနေအထားပဲ ရှိသေးတာပေါ့နော်။ အဲဒီအခါကျတော့ အချိန်ပိုမဆင်းပြန်ရင်လည်း စက်ရုံထဲမှာရှိနေတဲ့ all စူပါတွေ၊ စူပါလီတာကနေပြီးတော့ အမျိုးသမီးတွေကို ပြောဆိုမယ်။ ဆင်းပြန်လို့ရှိရင်လည်း ဒီမှာရှိနေတဲ့ စစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီးတော့ စစ်လားမြန်းလား ဖြစ်လာတဲ့အခါကျရင် သူတို့ ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ရှိတယ်ရှင့်” လို့ ပြောပါတယ်။

စက်ရုံဝန်းတွေနဲ့ အထည်ချုပ်လောကအတွင်းမှာ အမျိုးသားတွေ စစ်မှုထမ်းဖို့ ပါသွားတဲ့အခါ အမျိုးသားတွေ မပါဖို့အတွက် လစဉ်လတိုင်း ပိုက်ဆံထောက်ပံ့ရတာတွေ ရှိနေပြီး ရပ်ကွက်တွေထဲမှာလည်း စစ်မှုမထမ်းရရေးအတွက် လစဉ်လတိုင်း ပိုက်ဆံပေးနေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် အမျိုးသမီးတွေက ပိုက်ဆံတွေ ရှာရပြီး အမျိုးသားတွေ ဘယ်မှမသွားရအောင်၊ ဘာမှမဖြစ်ရအောင်နဲ့ ခရီးအဝေးတွေ သွားပြီး မဖြစ်ရအောင် အမျိုးသမီးတွေကပဲ ကြံ့ကြံ့ခံထားရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူဖို့အတွက် မလိုအပ်သေးတဲ့ အနေအထားဖြစ်နေပြီး အမျိုးသမီးတွေကို စစ်မှုထမ်း မခေါ်တာက အမျိုးသမီးတွေအတွက် ပိုပြီးတော့ လုံခြုံတဲ့ဘဝကို ပေးနိုင်တယ်လို့ အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူ မသီတာက ပြောပါတယ်။

“အဓိကကတော့ အမျိုးသမီးတွေ စစ်မှုမထမ်းရလို့ မြင်တယ်ပေါ့။ တခြားနိုင်ငံခြားတွေတောင်မှပဲ အမျိုးသားတွေက အသက် ၃၀ ကျော်သွားလို့ရှိရင် ၂ နှစ်တို့၊ ၃ နှစ်တို့ စစ်မှုထမ်းရတယ်ပေါ့နော်။ အဲဒီတော့ အမျိုးသမီးတွေ စစ်မှုထမ်းရတယ်ဆိုတာမျိုးကလည်း ဝါသနာပါရင် ထမ်း၊ ဝါသနာမပါရင် မထမ်းနဲ့ဆိုတာမျိုးပဲ ဖြစ်စေချင်တယ်။ အခုက စစ်မှုထမ်းဖို့အရေးအတွက်ကို လူတိုင်း ထမ်းရမယ်ပုံစံမျိုး သတ်မှတ်လိုက်တဲ့အခါကျတော့ တကယ်ဆိုလို့ရှိရင် အမျိုးသမီးတွေမှာက အမျိုးသားတွေ စစ်မှုထမ်း သွားခဲ့ရင်တောင်မှပဲ အမျိုးသမီးတွေမှာ အနောက်မှာ မှီခိုနေရတဲ့ မိသားစုတွေ ရှိတဲ့အတွက်ကြောင့်မို့ စစ်မှုမထမ်းဘဲနဲ့ အမျိုးသမီးတွေကို သူတို့ရဲ့ ဘဝ လုံခြုံဖို့အတွက်ဆိုရင်တော့ စစ်မှုမထမ်းတဲ့ဥပဒေက ပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ အမျိုးသမီး စစ်မှုထမ်းခေါ်ယူဖို့အတွက် မလိုအပ်သေးတဲ့ အနေအထားဖြစ်နေပြီး အမျိုးသမီးတွေကို စစ်မှုထမ်း မခေါ်တာက အမျိုးသမီးတွေအတွက် ပိုပြီးတော့ လုံခြုံတဲ့ဘဝကို ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဓိကကတော့ အမျိုးသမီးတွေ စစ်မှုမထမ်းရတာကို မြင်ချင်တာဖြစ်ပြီး တခြားနိုင်ငံတွေမှာတောင် အမျိုးသားတွေက အသက် ၃၀ ကျော်သွားရင် ၂ နှစ်၊ ၃ နှစ် စစ်မှုထမ်းရတာတွေ ရှိပါတယ်။ အဲဒီတော့ အမျိုးသမီးတွေ စစ်မှုထမ်းရတာမျိုးကလည်း ဝါသနာပါရင် ထမ်း၊ ဝါသနာမပါရင် မထမ်းနဲ့ဆိုတာမျိုးပဲ ဖြစ်စေချင်ပါတယ်လို့ အမျိုးသမီးတွေက ဆိုပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ စစ်မှုထမ်းအတွက် အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိနေပြီး ပျောက်ဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။ စစ်မှုထမ်းအတွက် ငွေကြေးအမြောက်အများ ကောက်ခံနေကြတာတွေလည်း ရှိနေပါတယ်။

အဲဒီနောက် စစ်မှုထမ်းလိုတဲ့ အမျိုးသားတွေကိုလည်း ခေါ်ယူနေမှုတွေရှိနေပြီး ရပ်ကွက်အလိုက် လူတစ်ဦးကို ငွေကျပ် သိန်း ၆၀ ကနေ သိန်း ၁၀၀ အထိ ပေးနေတာတွေလည်း ရှိပါတယ်။

related posts

Leave a Comment