Home ရိုးရာဓလေ့ ဟုမ္မလင်းမှာ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

ဟုမ္မလင်းမှာ ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့မှာ ရှမ်းနှစ်(၂၁၂၀) နှစ်ကူးအထိမ်းအမှတ်အနေဖြင့် ချင်းတွင်းဉရု ရှမ်းနီလူငယ်ကွန်ရက် အကြီးအကဲဖလား အားကစားပြိုင်ပွဲကို မနေ့က နိုဝင်ဘာ ၁၄ ရက်မှာ စတင်၍ ကျင်းပနေတယ်လို့ သိရပါတယ်။

ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်က အကြီးအကဲဖလား အားကစားပြိုင်ပွဲမှာ ဖူဆယ်ပြိုင်ပွဲ ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၇ သိန်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၇ သိန်း၊ တတိယဆု ၅ သိန်း နဲ့ မီနီမာရသွန်ပြိုင်ပွဲ ပထမဆု ၅ သိန်း၊ ဒုတိယ ၃ သိန်း၊ တတိယ ၂ သိန်း နဲ့ နှစ်သိမ့်ဆု ၅ သောင်းကျပ် ၁၀ ဆု ထည့်သွင်းထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment