31






လာမယ့် နတ်တော်လဆန်း ၁ ရက်မှာ ကျရောက်မယ့် ရှမ်းနှစ်သစ် ၂၁၂၀ နှစ်ကို ကြိုဆိုတဲ့အနေနဲ့ ပူတာအို ခမ်းတီးလုန်ဒေသက ခန္တီးရှမ်းလူငယ်မောင်မယ်တွေဟာ တုပ်ဆူး (မီးဆူးခံ) သီချင်းလှည့်လည်သီဆိုခဲ့ကြပါတယ်။
ရိုးရာမပျက်စေဖို့ ရည်ရွယ်ပြီး ခမ်းတီလုန်ဒေသ တိုင်းခမ်းတီလူငယ်တွေ တူက်ဆူး (မီးဆူးခံ) လှည့်ခြင်းကို ဒေသရှိ ကျေးရွာတွေကို သွားရောက်လှည့်လည်သီဆိုခဲ့ကြတာပါ။
ပူတာအိုဒေသ ခမ်းတီးလုန်လွင်ပြင်မှာ ခန္တီးရှမ်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီကစ၍ မြို့ပြတွေ တည်ထောင်နေထိုင်ခဲ့ကြပြီး ခန္တီးရှမ်းစော်ဘွားတွေ တည်ထားတဲ့ ကောင်မူးလုန်စေတီတော်ဟာလည်း မြန်မာပြည်မြောက်ဖျားဒေသမှာ အလွန်ထင်ရှားတဲ့ စေတီတော်ဖြစ်ပါတယ်။





