အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ် နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။
မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘိန်းဖြူ ၆၅၄၅ခွက်၊ WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ပြား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့် ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဖမ်းဆီးတဲ့ ဘိန်းဖြူတွေကို NUG ထံ အပ်နှံခဲ့ခြင်းဖြစ်ပြီး ကျန် WY စိတ်ကြွဆေးပြားတွေဟာ PDF တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲကို NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နဲ့အတူ ဒေသခံပြည်သူတွေ၊ နယ်မြေခံ PDF တပ်ရင်းတပ်ဖွဲ့တွေ နဲ့ ပအဖ၊ ပကဖ၊ ပလဖ ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ပတ်သက်တဲ့ တရားခံတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


