သျှမ်းပြည် မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက ဒီနေ့ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ဘိန်းဖြူ၊ ရာမ နဲ့ ခါးခူးအပါအဝင် ကာလတန်ဖိုး ကျပ်ငွေ သိန်း ၂၀၀ နီးပါးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒေသခံပြည်သူတွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။
အဲဒီ အခမ်းအနားကိုတော့ ညီနောင်မဟာမိတ်အဖွဲဝင်တွေဖြစ်ကြတဲ့ အာရက္ခတပ်တော် (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဒေသခံတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ ကိုတော့ AA၊ MNDAA နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့ဖြင့် ဖွဲ့စည်းထားပြီး မြန်မာစစ်တပ် နဲ့ သျှမ်းမြောက်၊ ရခိုင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။


