သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို မနေ့က အောက်တိုဘာ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တယ်လို့ MWD ကနေ ကြေညာပါတယ်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်ဖွဲ့ (TNLA) က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်တပ်ဖက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အခုလ အောက်တိုဘာ ၁ ရက်နေ့မှာ အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ကျောက်မဲမြို့ ဌာနဆိုင်ရာလုပ်ငန်းတွေ လည်ပတ်နိုင်ရေး စစ်တပ်က လုပ်ဆောင်ခဲ့သလို လက်ရှိမှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်လာတာပဲ ဖြစ်ပါတယ်။
လက်ရှိ ကျောက်မဲမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား/ကျောင်းသူ ၁၄၀၂ ဦး တက်ရောက်ပညာသင်ကြားနေပြီး ကျောင်းအပ်ဆက်လက်လက်ခံနေတယ်လို့ ဆိုပါတယ်။


