35
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque က သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံမှု သတင်းဓာတ်ပုံနဲ့ အတူ ဇွန် ၁၉ ရက် မွေးနေ့က အမှတ်တရ ဓာတ်ပုံနှစ်ပုံပါ ပူးတွဲပြီး ထုတ်ပြန်တာတွေ့ရပြီး ICRC ဘက်ကတော့ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။