Home » မိုးညှင်းမှာ SNA နဲ့ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

မိုးညှင်းမှာ SNA နဲ့ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

by Homeland Author

မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လက်အောက်ခံအဖွဲ့ PDF၊ SSIA တို့ ဧပြီ ၂၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အုန်းစံဆိုင်ရွာအနီးရှိ SNA တပ်ကို KIA နဲ့ လက်အောက်ခံ PDF၊ SSIA တို့က အဖွဲ့ ၃ ဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ‌ဒေသခံတစ်ဦးက ဒေသတွင်း သတင်းဌာတွေမှာ ပြောကြားထားပါတယ်။

ညနေ ၄ နာရီမှ ၈ နာရီအကြာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း KIA နဲ့ လက်အောက်ခံ PDF၊ SSIA တို့မှ ထိခိုက်သေဆုံးမှု ရှိခဲ့သလို ၎င်းတို့ရဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုတွေလည်း ရှိခဲ့တယ်လို့ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံများအရ သိရပါတယ်။

KIA နဲ့ ၎င်းလက်အောက်ခံအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အုန်းစံဆိုင်ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့သလို မပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ လက်နက်ကျည်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

KIA နဲ့ ပူးပေါင်းနေတဲ့ SSIA အဖွဲ့ဟာ ရှမ်းနီလူထုကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့သော်လည်း လက်ရှိမှာ KIA လက်အောက်ခံတပ်ဖွဲ့အဖြစ် ဝင်ရောက်သွားပြီး SNA ကို လာရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးညှင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို KIA နဲ့ လက်အောက်ခံအဖွဲ့တွေက မကြာခဏဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment