Home » ကတူးစစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

ကတူးစစ်ဘေးရှောင်တွေ အကူအညီ လိုအပ်နေ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ကတူးစစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ကဒူးဒေါ့ကွန်းက ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။

အဆိုပါ ကတူးစစ်ဘေးရှောင်တွေဟာ ဗန်းမောက်မြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ကျေးရွာအသီးသီးမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြသလို ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်တွေမှာ ခိုလှုံရင်း တကွဲတပြား နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအတွက် စပါးရိတ်သိမ်းတာ၊ ရွှေကျင်တာ၊ ရွှေတူးဖော်တာ၊ ဈေးရောင်းတာ၊ စားဖိုမှူးအလုပ်နဲ့ နေ့စားအလုပ်တွေ စတဲ့ ကြုံရာအလုပ်တွေ လုပ်ကိုင်ရင်း ရပ်တည်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုတွေ မရှိသလောက် နည်းပါးလာပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နေရပ်ပြန်လည်နေထိုင်နိုင်မယ့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment