Home » MNDAA က လူမျိုးရေးဝါးမျိုမှုနဲ့ ယဉ်ကျေးမှုဝါးမျိုမှုဆန်တဲ့ လုပ်ရပ်ကျူးလွန်

MNDAA က လူမျိုးရေးဝါးမျိုမှုနဲ့ ယဉ်ကျေးမှုဝါးမျိုမှုဆန်တဲ့ လုပ်ရပ်ကျူးလွန်

by Homeland Author

သျှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ လူမျိုးရေးဝါးမျိုမှုနဲ့ ယဉ်ကျေးမှုဝါးမျိုမှုဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် (DYC) က အစီရင်ခံစာတစ်စောင်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

MNDAA က သျှမ်းမြောက်ရှိ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးနဲ့ သီပေါမြို့တွေရှိ ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ MNDAA က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့ကို ဆင်နွှဲခဲ့ပြီးနောက် သျှမ်းမြောက်က မြို့အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မတ်လအတွင်းက ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်းရွာ ရေထွက်ဦးမှာ လာရောက်ရွှေတူးဖော်နေကြတဲ့ တရုတ်လုပ်ငန်းရှင်နဲ့ MNDAA ကို ဒေသခံတွေက သွားရောက်ဆန္ဒပြခဲ့ရာ MNDAA က သေနတ်နဲ့ ပစ်ခတ်တာကြောင့် ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

related posts

Leave a Comment