Home » စစ်တပ်ကို Standard Army ဖြစ်အောင် တည်ဆောက်မယ်လို့ ဦးမင်းအောင်လှိုင် ပြော

စစ်တပ်ကို Standard Army ဖြစ်အောင် တည်ဆောက်မယ်လို့ ဦးမင်းအောင်လှိုင် ပြော

by Homeland Author

နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်ပြီး စစ်တပ်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်ဖြစ်အောင် တည်ဆောက်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဇူလိုင်လ (၃၁) ရက်နေ့၊ နိုင်ငံတော်အစိုးရရဲ့ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

related posts

Leave a Comment