Home » လက်နက်မှောင်ခို တိုက်ဖျက်ရေး နှစ်နိုင်ငံတပ်ချုပ် ဆွေးနွေး

လက်နက်မှောင်ခို တိုက်ဖျက်ရေး နှစ်နိုင်ငံတပ်ချုပ် ဆွေးနွေး

by Homeland Author

ထိုင်း – မြန်မာနယ်စပ်တစ်လျှောက် လက်နက်မှောင်ခို ရောင်း/ဝယ်မှုတွေကို တိုက်ဖျက်ဖို့ နှစ်နိုင်ငံ တပ်ချုပ်တွေက ဩဂုတ် ၁၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

(၉) ကြိမ်မြောက် ထိုင်း – မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီတွေ့ဆုံမှုအတွင်း နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှုတွေကို ပူးပေါင်းထိန်းသိမ်းတိုက်ဖျက်နိုင်မယ့် အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုတွေ ပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဟာ မရှိမဖြစ်လိုအပ်တာကြောင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံတပ်ချုပ်တို့ တွေ့ဆုံချိန်မှာ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုတွေ မရှိအောင် ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေကို လုပ်ဆောင်လျက်ရှိတဲ့ ကျောက်ခတ်နဲ့ ရွှေကုက္ကိုလ်တို့ရှိ အဆောက်အအုံတွေ မြန်မာဘက်မှ ဖြိုချဖျက်ဆီးနေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

related posts

Leave a Comment