49






သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဒေသက တိုက်ပွဲရှောင်တွေကို သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်အချို့နဲ့ ဒေသခံလူငယ်တွေ ပူးပေါင်းပြီး စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အနယ်နယ် အရပ်ရပ်က လှူဒါန်းလာတဲ့ အလှူငွေတွေအားလုံးကို အိမ်ထောင်စု ၆၀၀ စာ လူဦးရေခန့်မှန်း ၁၀၀၀ ခန့်အတွက် ဆီ၊ ဆား၊ စားနပ်ရိက္ခာအခြောက်အခြမ်းတွေအပြင် ကလေးလေးတွေအတွက် မုန့်တွေ ဝေမျှနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်အတွင်း တစ်ရက်ထက်တစ်ရက် တိုးပွားလာတဲ့ စစ်ဘေးရှောင်ဦးရေတွေကြောင့် အကူညီတွေလည်း များစွာလိုနေတာကြောင့် ထပ်မံ၍ ကူညီလှူဒါန်းကြဖို့ သျှမ်းကျောင်းသားသမဂ္ဂအဖွဲ့က တောင်းဆိုထားပါတယ်။





