ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက ပင်ခုတ်ဒေသမှာ ဒီကနေ့ မတ်လ ၂၈ ရက်၊ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်လို့ သစ်ပင်ပိပြီး အမျိုးသားတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီဖြစ်စဉ်ဟာ ညနေ ၄ နာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ “ညနေက ဟုမ္မလင်းမြို့နယ်မှာ လေပြင်းတိုက်တာ လူတစ်ဦး သစ်ပင်ပိ သေဆုံးခဲ့တယ်။ သေဆုံးသူက …