သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ ရှမ်းနှစ် ၂၁၂၀ ပြည့်နှစ် တိုင်းလျမ်(သျှမ်းနီ)ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီပွဲတော်ကို “ဥရုချောင်းကြီးဒေသလုံးဆိုင်ရာ” (၁၉) အုပ်စုအတွင်းရှိ ၁။ ထိန်ကုန်းကျေးရွာအုပ်စု၂။ မိုင်းကိုင်းကျေးရွာအုပ်စု ၃။ ရေပေါ်မီးကျေးရွာအုပ်စု ၄။ နောင်မိုးကျေးရွာအုပ်စု ၅။ ကျောင်းကုန်းကျေးရွာအုပ်စု …