သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
တိုက်ပွဲဝင် လူအင်အား နဲ့ လက်နက်ခဲယမ်း အရင်းအမြစ်ပိုင်း လိုအပ်မှုတွေကြောင့် နယ်မြေအချို့မှ ခွါစစ်ဆင်ကာ ဆုတ်ခွာပေးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဒီနေ့ ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်ဗျူဟာသဘောအရ စစ်ဦးကျွံနေမှု၊ စစ်တပ်ရဲ့ အဖက်ဖက် သာလွန်အင်အားဖြင့် တန်ပြန်ထိုးစစ်ဆင်လာမှု၊ အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဝင်ရဲဘော်တွေ အနားမရဘဲ စစ်ပန်းလာမှု နဲ့ တိုက်ပွဲဝင်လူအင်အား၊ …