ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့မှာရှိတဲ့ သျှမ်းကွန်မြူနတီကောလိပ် (Shan Community College) မှာ မနေ့က ဇွန်လ ၂၀ ရက်နေ့မှာ ၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အခမ်းအနားမှာ ကျောင်းသားကျောင်းသူ (၅၅) ဦး Associate Degree ဘွဲ့လက်ခံရယူခဲ့ပြီး သျှမ်းအမျိုးသားကျောင်းတွေမှ အထက်တန်းနဲ့ GED အောင်လက်မှတ် ရရှိသူတွေ …