Home » ခါမ်းပတ်မြို့ကို စစ်တပ် ပြန်သိမ်း

ခါမ်းပတ်မြို့ကို စစ်တပ် ပြန်သိမ်း

by Homeland Author

စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အရေးပါတဲ့ ခါမ်းပတ်မြို့ကို ဒီနေ့ ဇွန် ၂၀ ရက်မှာ ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ကလေး – တမူး လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကျေးရွာအများစုကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခါမ်းပါတ်မြို့ကို၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှာ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတာပဲ ဖြစ်ပါတယ်။

စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တဲ ခါမ်းပါတ်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းပါဝင်တဲ့ မြို့နယ်ခွဲတစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်အနီးမှာ တည်ရှိတာကြောင့် ကလေး- တမူးလမ်းကြောင်းပေါ်ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment