သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) တွေ့ဆုံပြီး ဖက်ဒရယ်စနစ်နဲ့အညီ လုပ်ပိုင်ခွင့်တာဝန်တွေ ခွဲဝေနိုင်ရေး ပထမအကြိမ်အစည်းအဝေးကို မေလ ၁၂ ရက်မှာ အွန်လိုင်မှတဆင့် ကျင်းပခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။ အဲဒီ အစည်းအဝေးကို NUG မှ ယာယီသမ္မတဒူဝါလရှီးလ နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ နဲ့ တာဝန်ရှိသူတွေ ပါဝင်တက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ …