ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
မူလတန်းပြဆရာမနှစ်ဦးကို KIA/PDF ဖမ်းဆီးခဲ့ပြီး ၇ လခန့်ကြာမှ တစ်ဦးပြန်လွတ်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာမှ မူလတန်းပြဆရာမနှစ်ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ PDF တို့က ဖမ်းဆီးသွားပြီး ၇ လခန့်အကြာမှာ ဆရာမတစ်ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က CDM လှုပ်ရှားမှု အအကြောင်းပြု၍ မူလတန်းပြဆရာမ နှစ်ဦးကို KIA/PDF တို့ ဖမ်းဆီးသွားပြီး …