မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ မိမိတို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပတ်သက်မှု မရှိဘူးလို့ ထုတ်ပြန်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းဖက်ခြမ်း မဲဆောက်မြို့မှ ကုန်တင်ကားနဲ့ တင်ဆောင်သွားတဲ့ စိတ်ကြွဆေးပြား ၁၈ သန်း နဲ့ မူးယစ်ဆေးဝါးတွေကို နခွန်စဝမ်မြို့မှာ မတ်လ ၂၁ ရက်က ဖမ်းမိခဲ့တာပါ။ မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ ဖြန့်ဖြူးတာ၊ …