မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
RCSS ဥက္ကဋ္ဌ နဲ့ ပြည်သူလူထုတို့ ကုသိုလ်ပြု ရေစက်သွန်းချ အမျှဝေခြင်းအခမ်းအနား ပြုလုပ်
(သတင်းဓာတ်ပုံ) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယဥက္ကဋ္ဌ (၂) ဗိုလ်ချုပ်ခေးငင်းအပါအဝင် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေဟာ သံဃာတော်အရှင်သူမြတ်တွေ၊ မိဘပြည်သူတွေနဲ့ အတူ ပူးပေါင်းပြီး အတူတကွ ကုသိုလ်ပြု ရေစက်သွန်းချ အမျှဝေခြင်းအခမ်းအနားကို နမ့်စန်မြို့နယ်၊ ဝမ်နောင်အုပ်စုမှာ တည်ရှိတဲ့ မွေတော်တိလုံရှိ ဓမ္မာရုံသစ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။