မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်မှာ ရောက်ရှိခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီဖို့ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်တယ်လို့ ဆိုထားပါတယ်။ တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနဲ့ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဟာ …