ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း ဇွန်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့ဟာ အပြန်အလှန် စွပ်စွဲနေကြပါတယ်။ မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာ တောင်ဘက်မှာ ရှိတဲ့ SSPP တပ်စခန်းရှိရာကို TNLA က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်ခဲ့တာကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှု …