စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ရှမ်းနီ PDF ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စကြောင့် HPDF-124 တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်တဲ့ စိုင်းအောင် နဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဟုမ္မလင်းမြို့နယ် ပကဖ တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့က ဟုမ္မလင်းမြို့နယ် – ဖောင်းပြင်နယ်စပ်က နမ့်နန်းစျေးတန်းမှာရှိတဲ့ စိုင်းအောင်ရဲ့ အမျိုးသမီးဖြစ်သူ …