မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ထဲ ပြန်ဝင်လာမယ့် စစ်ကောင်စီတပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က လုံခြုံရေး ယူပေးရတယ်လို့ Wa News Land က ဖော်ပြပါတယ်။ UWSA တပ်ဖွဲ့က ဟ်ိုယဂိတ်မှာ ပူးတွဲပြီး ရှေ့ပြေးလုံခြုံရေးယူပေးနေသလို ကိုးကန့်တပ် (MNDAA) ကလည်း လုံခြုံရေး ယူပေးနေတယ်လို့ သိရပါတယ်။ …