ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
နှစ်ဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ ချင်းတပ်ဖွဲ့တွေ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့ တိုက်တွန်း
နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ CDF -Hualngoram နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ကြား ပဋိပက္ခကို တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာကြဖို့ ချင်းညီနောင်အဖွဲ့က မနေ့က ဇူလိုင်လ ၃ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇူလိုင် ၂ ရက်နေ့က CDF-Hualngoram နဲ့ CNDF တို့အကြား ဆွေးနွေးမှုတွေ မပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာရာကနေ …