မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဓမ္မဖမ်းဆီးထားတဲ့ အမျိုးသမီး (၂) ဦးကို ချက်ချင်းလွှတ်ပေးဖို့ ရှိ/Shield အမျိုးသမီးအဖွဲ့က မနေ့က ဧပြီ ၂၈ ရက်မှာ တောင်းဆိုပါတယ်။ ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅)၊ တက်တူကျေးရွာမှာ တည်ရှိတဲ့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ …