သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းမြို့ကုတင် ၁၀၀ ဆံ့ ပြည်သူဆေးရုံမှာ ပါရဂူဆရာဝန်ကြီးတွေမှ မျက်စိဝေဒနာရှင်တွေအတွက် အခမဲ့ ကုသပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေသတွင်းရှိ မျက်စိဝေဒနာရှင်တွေအတွက် သဲဖြူဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ဟုမ္မလင်းမြို့ သာသနာ့ဇောတိကမြို့မကျောင်းဆရာတော်ဘုရားကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ပါရဂူဆရာဝန်ကြီးတွေမှ လာရောက် ကုသပေးမှာဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံက သိရပါတယ်။ မျက်စိဝေဒနာရှင်တွေကို မျက်စိစစ်ဆေးတာ၊ ခွဲစိတ်ကုသတာတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး …