ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နဲ ၅ မိုင်ခန့်သာဝေးတဲ့ စခန်းသာကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ မနေ့က စက်တင်ဘာ ၂၆ ရက်မှာ စစ်တပ်ထောက်ခံတဲ့ တယ်ရီဂရမ်ချန်နယ်တွေက ရေးသားထားပါတယ်။ နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နေ့လယ်ပိုင်းမှာ စခန်းသာကျေးရွာကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး TNLA တပ်ဖွဲ့ဝင် အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့တယ်လို့ စစ်တပ်ထောက်ခံ တယ်ရီဂရမ်ချန်နယ်က …