ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ ARSA ၊ RSO လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ မွတ်ဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိနေတယ်လို့ အရက္ခတပ်တော် (AA) က ဆိုပါတယ်။ ဒါကြောင့် နယ်စပ်နေ ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ လုံခြုံရေး သတိပေးချက်တစ်ရပ်ကို AA က မနေ့က စက်တင်ဘာ …