ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
တစ်နိုင်ငံလုံးပစ်ခတ်ရပ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အရ နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ဘူးလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ပြောပါတယ်။ NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်၍ ပြောကြားခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အတိုင်း အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရောက်ရှိရေးအတွက် အစိုးရက EAOs တွေကို ဖိအားပေး၍ …