Home » ဒေသခံတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ SSJAC ရဲ့ ကန့်ကွက်ချက် MNDAA ငြင်းဆို

ဒေသခံတွေကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ SSJAC ရဲ့ ကန့်ကွက်ချက် MNDAA ငြင်းဆို

by Homeland Author

သျှမ်းပြည်မြောက်ပိုင်းက ဒေသခံတိုင်းရင်းသားတွေအပေါ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ရဲ့ ကန့်ကွက်ချက်တွေကို MNDAA က ငြင်းဆိုလိုက်ပါတယ်။

တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေ ထိခိုက်နေတယ်ဆိုတဲ့ SSJAC ရဲ့ ကန့်ကွက်ချက်တွေကို MNDAA က လက်မခံဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမယ့် နိုင်ငံရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေကို ပြင်းထန်စွာ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ “ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) သို့ အိတ်ဖွင့်ပေးစာ” ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

SSJAC က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ကန့်ကွက်ချက်တွေအရ MNDAA ဟာ ဒေသခံအများစုနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ ဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ်သာမက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာပါ မဖြစ်မနေ အသုံးပြုဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment