Home » နာဂဒေသ လဟယ်မြို့နယ်မှာ ပကဖ စခန်းဖွင့်ပွဲ ကျင်းပ

နာဂဒေသ လဟယ်မြို့နယ်မှာ ပကဖ စခန်းဖွင့်ပွဲ ကျင်းပ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လဟယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စခန်းဖွင့်ပွဲကို အောက်တိုဘာ ၄ ရက်နေ့က ကျင်းပခဲ့တယ်လို့ ပကဖ အသံက ဖော်ပြပါတယ်။

ယောရှုလို့အမည်ပေးထားတဲ့ လဟယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ စခန်းဖွင့်ပွဲကို စစ်ကိုင်းတိုင်း နာဂဒေသ ပကဖတာဝန်ရှိသူတွေဟာ ဒေသ‌ရေးရာအဖွဲ့တွေနဲ့အတူ တက်ရောက်ခဲ့ကြပြီး စုဖွဲ့မှုတွေပြုလုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ လဟယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ စခန်းဖွင့်ပွဲကို ဒေသခံပြည်သူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ ပကဖ အသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။

related posts

Leave a Comment