Home » မိမိတို့နယ်မြေမှာ အုပ်ချုပ်ရေး၊ စစ်ရေး ဝင်မစွက်ဖက်ဖို့ ကယန်းပြည်သစ်ပါတီ ပြော

မိမိတို့နယ်မြေမှာ အုပ်ချုပ်ရေး၊ စစ်ရေး ဝင်မစွက်ဖက်ဖို့ ကယန်းပြည်သစ်ပါတီ ပြော

by Homeland Author

ကယန်းဒေသအတွင်းရှိ ကယန်းပြည်သစ်ပါတီ (KNLP) အုပ်ချုပ်ရေးနယ်မြေဒေသအတွင်း ဘယ်အဖွဲ့အစည်းမှ အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ အခြားကိစ္စအရပ်ရပ်ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ဖို့ တားမြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာပါတယ်။

ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသအားလုံးကို ရည်ညွှန်းတာဖြစ်ပြီး ကယန်းဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် ရက်စွဲအရ Stakeholders အစည်းအဝေးမှာ အားလုံး သဘောတူညီချက်အတိုင်း ကရင်နီပြည်အတွင်းရှိ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဟာ ကယန်းဒေသအတွင်းရှိ ကယန်းပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေဒေသထဲကို လုံးဝ ဝင်ရောက်စွက်ဖက်ခြင်း မပြုရဆိုပြီး အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါ အစည်းအဝေးမှာ သဘောတူညီမှု ဆုံးဖြတ်ချက်အတိုင်း ကယန်းပြည်သစ်ပါတီမှ ကယန်းဒေသအတွင်းရှိ မိမိတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေဒေသအတွင်းသို့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်တဲ့ ဘယ်လုပ်ရပ်တွေကိုမဆို ဆန့်ကျင်ကာကွယ်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment