Home » SNA တည်ထောင်ခြင်း (၃၇) နှစ်ပြည့် အခမ်းအနား ကျင်းပ

SNA တည်ထောင်ခြင်း (၃၇) နှစ်ပြည့် အခမ်းအနား ကျင်းပ

by Homeland Author

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ဖွဲ့စည်းတည်ထောင်ခြင်း (၃၇) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို SNA တပ်မဟာ အသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ (၆၁၄)၊ တပ်ရင်း (၁၄)၊ မံစီကြီးဒေသစိတ် နွဲ့စန့်လုံခမ်းမ နဲ့ SNA တပ်မဟာ ၈၉၁ တပ်ရင်း ၄ ခေးဟတ်ဟန်ခန်းမတို့အပြင် တပ်မဟာ အသီးသီးက ကျင်းပပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အခမ်းအနားမစတင်မီ ပင့်သံဃာတော် ဆရာတော်တွေကို ဆွမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းတွေ နဲ့ နဝကမ္မအလှူငွေတွေကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်တွေကို နာယူကာ မင်္ဂလာအန္တရာယ်ကင်း ပရိတ်ချီးမြှင့်ခြင်းကို ခံယူခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် အခမ်းအနားကို ရှမ်းနီအမျိုးသားအလံနဲ့ တပ်မတော်အလံတို့ကို အလေးပြု၍ ဖွင့်လှစ်ခဲ့ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်တွေ နဲ့ ရဲဘော်တွေကို အလေးပြုအောက်မေ့ခြင်းကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အခမ်းအနားကို ဖိတ်ကြားထားသော ဧည့်သည်တော်တွေ၊ ဒေသခံပြည်သူတွေ နဲ့ စစ်သည်တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး သတ်မှတ်အစီအစဉ်တွေအတိုင်း ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

SNA နှစ်ပတ်လည်နေ့အခမ်းအနားအပြင် စစ်သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို သင်တန်းဆင်းလက်မှတ်တွေနဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေ ပေးအပ်ခဲ့ပြီး၊ သစ္စာအဓိဋ္ဌာန်ပြုခြင်း၊ စစ်ရေးပြအခမ်းအနားနဲ့ အောင်ပွဲခံအစီအစဉ်တွေကိုလည်း SNA တပ်မဟာ ၈၉၁ တပ်ရင်း ၄ ခေးဟတ်ဟန်ခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ရှမ်းနီလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

related posts

Leave a Comment