မွန်ပြည်နယ် ရေးမြို့နယ်မှာရှိတဲ့ ရေးဘီလူးတပ်စခန်းကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၂၇ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ ရေးမြို့နယ် ကင်ပွန်းကျေးရွာအနီးမှာရှိတဲ့ အဲဒီတပ်စခန်းကို လေကြောင်းကနေ ဗုံးအများအပြား လာကြဲသွားတာပါ။
အခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အတည်ပြုထုတ်ပြန်ထားပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရေးဘီလူးအဖွဲ့ရဲ့ တည်နေရာကို သတင်းအတိအကျရလို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရေးသားနေကြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့တဲ့အပြင် ဒဏ်ရာရရှိသူကလည်း ၂၀ ကျော်အထိ ရှိနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။