14






စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် သဝန်အင်းရဲ့ လက်ခွဲအင်းတွေမှာ အခုရက်ပိုင်းအတွင်း ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အင်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
သဝန်ဖာနိုင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ သဝန်အင်းရဲ့ လက်ခွဲအင်းတွေဖြစ်ကြတဲ့ နောင်စာရေးအင်း၊ နောင်ကွပ်အင်းနဲ့ လိုင်နားအင်းတို့မှာ ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အခုလို အင်းတွေထဲမှာ ငါးတွေ သေဆုံးရတာဟာ အင်းရေထုတ်လိုက်တဲ့အတွက် ရေနည်းသွားပြီး၊ ရာသီဥတု အပူချိန်ကြောင့် သေဆုံးတာဖြစ်နိုင်တယ်လို့ အင်းလုပ်ငန်း လုပ်ကိုင်သူတွေက ယူဆနေကြပါတယ်။





