ဟုမ္မလင်းမြို့မှာ အခမဲ့ အခြေခံကွန်ပျူတာသင်တန်းကို ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်မှ ဦးဆောင်၍ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အနေဖြင့် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
အခုလ စက်တင်ဘာ ၂၀ ရက်နေ့မှ အောက်တိုဘာ ၁၉ ရက်နေ့အထိ ရက် ၃၀ ကြာ ဟုမ္မလင်းမြို့၊ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံရှေ့၊ ချင်းတွင်းဥရု ရှမ်းနီလူငယ် – ပါရမီစာကြည့်တိုက်မှာ သင်ကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းမှာ (၁) ကွန်ပျူတာမိတ်ဆက် (Essential Knowledge to Computer)၊ (၂) စာစီစာရိုက် လေ့ကျင့်ခြင်း၊ (၃) Microsoft Office Word, Excel, PowerPoint (Basic)၊ (၄) အေအိုင် မိတ်ဆက်၊ (၅) အခြေခံရုံးစာ ရိုက်နည်း စတာတွေကို သင်ကြားသွားမယ်လို့ သိရပါတယ်။
သင်တန်းကာလပြီးဆုံးပါက “သင်တန်းပြီးဆုံးကြောင်းလက်မှတ်” နဲ့ “ထူးချွန်အောင်မြင်ကြောင်းလက်မှတ်” တွေ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ စိတ်ပါဝင်စား၍ တစိုက်မတ်မတ် သင်ယူလိုတဲ့ ဒေသခံလူငယ်တွေအနေဖြင့် “ပါရမီစာကြည့်တိုက်” မှာ သင်တန်းလျှောက်လွှာဖြည့်သွင်း၍ လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
သင်တန်းသား (၁၀) ဦးသာ လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားသူတွေထဲမှ အချက်အလက်ပြည့်စုံသူတွေကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖုန်းဆက်အကြောင်းကြားသွားမယ်လို့ ချင်းတွင်းဥရု ရှမ်းနီလူငယ်ကွန်ရက်က ဆိုပါတယ်။