Home » ဧရာတိုင်းအတွင်းက စစ်တပ်စခန်း ၃ ခု AA သိမ်းပိုက်

ဧရာတိုင်းအတွင်းက စစ်တပ်စခန်း ၃ ခု AA သိမ်းပိုက်

by Homeland Author

ဧရာတိုင်းအတွင်းက စစ်တပ်စခန်း (၃) ခု ကို ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၁၇) ရက်နေ့မှာ ရေကြည်မြို့နယ်အတွင်းက ပွိင့် (၂၈၈) ကုန်း စခန်း၊ ဇွန်လ (၁၉) ရက်နေ့မှာ ပွိုင့် (၁၈၈) ကုန်းစခန်း၊ ဇွန်လ (၂၁) ရက်နေ့မှာ ပွိင့် (၁၄၈) ကုန်း စခန်းတို့ကို သိမ်းယူနိုင်ခဲ့​တယ်လို့ AA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်တွေ၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရခိုင် – မကွေးအစပ်၊ ရခိုင် – ပဲခူးအစပ်၊ ရခိုင်နဲ့ထိစပ်နေတဲ့ ချင်းပြည် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ အစပ်နေရာတွေမှာလည်း AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment