28



နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ အမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ (NSCN-IM) တို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ NSCN-K/AM အခြေစိုက်ရာဒေသမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ ငြိမ်းချမ်းရေးကိစ္စရပ်တွေအပြင် အခြားသော ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုမှာ NSCN-K/AM ဘက်က ဥက္ကဋ္ဌ အန်းမိုင်၊ ဒုဥက္ကဋ္ဌ နိုင်တန်ကိုညက် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ NSCN-IM ဘက်ကတော့ Collective Leadership Member (CLM) ဖြစ်သူ ဗိုလ်ချုပ် (အငြိမ်းစား) ရမ်ခသင်းဗာရာ (Maj. Gen. (Retd.) Ramkathing Varah) ဦးဆောင်တဲ့ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


