Home » ဟုမ္မလင်းမှာ ရှမ်းရိုးရာ ဆိုကရေးတီးသင်တန်း ဖွင့်လှစ်

ဟုမ္မလင်းမှာ ရှမ်းရိုးရာ ဆိုကရေးတီးသင်တန်း ဖွင့်လှစ်

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့မှာ ရှမ်းရိုးရာ ဆိုကရေးတီးသင်တန်းကို ဒီနေ့ ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဥ်ကျေးမှုမှ ကြီးမှုးဖွင့်လှစ်တာဖြစ်ပြီး ရှမ်းရိုးရာ အမွေအနှစ်တွေ နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီသင်တန်းမှာ အိုးစည်၊ မောင်း၊ ဆိုင်း (ကောင်း၊ မောင်း၊ ဆိုင်) နဲ့ တိုးနယားအက၊ ကိန္နရီ/ ကိန္နရာ (ဆို၊ က၊ ရေး၊ တီး) အကတွေကို သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ၁၅၀ ဦးအထိ လက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒီနေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ရှမ်းရိုးရာ ဆိုကရေးတီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းဝန်ကြီး စိုင်းစိန်ဖေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ဟုမ္မလင်းမြို့နယ်) စိုင်းစံလှစိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (ဘုတလင်မြို့နယ်) ဦးသိန်းသန်းစိုး၊ ဌာနဆိုင်ရာအသီးသီး ပုဂ္ဂိုလ်တွေ၊ ရပ်မိရပ်တွေ နဲ့ ပြည်သူလူထုတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းကိုတော့ ဇူလိုင် ၇ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ ၁၀ ရက်တိတိ ဟုမ္မလင်းမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုရုံးမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment