Home » အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူး ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူး ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

by Homeland Author

အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီကောက်ဦးဆွမ်းကပ်လှူပွဲနဲ့ နှစ်သစ်ကူးပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မနေ့က (နိုဝင်ဘာ ၁၅ ရက်) မှာ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့ရှိ ရှမ်းနီဓမ္မာရုံမှာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးကို နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့ပြီး အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ပွဲဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်းနဲ့ ပွဲတော်ကျင်းပနိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ပွဲတော်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း အကြမ်းဖျင်း ရေးဆွဲဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါအစည်းအဝေးဟာ အင်းတော်ကြီးဒေသအတွင်း ရှမ်းနီလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်ကို စည်းလုံးညီညွတ်စွာ စုပေါင်းကျင်းပနိုင်ရေးအတွက် အရေးပါတဲ့ ကြိုတင်ပြင်ဆင်မှုတစ်ရပ် ဖြစ်ပါတယ်။

related posts

Leave a Comment