Home » လူသတ်မှုကျူးလွန်သူ ၄ ဦးကို MNDAA က သေဒဏ်ပေး

လူသတ်မှုကျူးလွန်သူ ၄ ဦးကို MNDAA က သေဒဏ်ပေး

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့မှာ လူသတ်မှုကျူးလွန်တယ်လို့ဆိုပြီး လူ ၄ ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ မနေ့က ဇွန်လ ၁၃ ရက်မှာ သေဒဏ်ပေးခဲ့တယ်လို့ ကိုးကန့်သတင်းကွန်ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

MNDAA ထိန်းချုပ်ထားတဲ့ ဒေသမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြတိုက်မှု၊ ရိုက်နှက်မှု စတဲ့အမှုတွေကို ကျူးလွန်ခဲ့သူ ၇ ဦးအနက် ၄ ဦးကို လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက် အားကစားကွင်းမှာ လူထုရှေ့မှောက်၌ အမိန့်ချ သေဒဏ်ပေးခဲ့တာလို့ ဆိုပါတယ်။

လူသတ်မှု ကျူးလွန်ခဲ့သူအသီးသီးကို သေဒဏ်ချမှတ်ခဲ့ပြီး အခြားသော ပြစ်မှုကျူးလွန်သူတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ ၎င်းတို့ ထိန်းချုပ်ဒေသအတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြတိုက်မှု ကျူးလွန်သူတွေကို မကြာခဏ သေဒဏ်ပေး စီရင်လေ့ရှိတယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က သျှမ်းမြောက်ရှိ လောင်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ သိန္နီမြို့၊ ကွတ်ခိုင် စသဖြင့် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

related posts

Leave a Comment