Home » အင်းတော်အနီး စစ်တပ် စစ်ကြောင်း ရောက်လာ

အင်းတော်အနီး စစ်တပ် စစ်ကြောင်း ရောက်လာ

by Homeland Author

တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့အနီး စစ်တပ် စစ်ကြောင်းအချို့ ရောက်ရှိနေပြီဖြစ်တယ်လို့ Indaw Revolution-IR က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က ကသာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အင်းတော်မြို့နယ် နဘားကျေးရွာကို ရောက်ရှိလာခဲ့ပြီး ဒီနေ့မှာတော့ အင်းတော်ဘက်ကို ဦးတည်ထွက်ခွာလာတယ်လို့ ဆိုပါတယ်။

Indaw Revolution-IR က “နဘားရောက်နေတဲ့ စစ်ကြောင်းအချို့တဝက် အင်းတော်ဘက် ဦးတည်ထွက်ခွာ။ 11နာရီ မိနစ် 40 ကျော်လောက်မှာစပြီး အင်းတော်မြို့အနီး၊ ကျန်တောရွာ နဲ့ ကမ်းနီရွာ တောတန်းတွေဘက်ကို စစ်တပ်ဘက်က ထောက်ပို့ဗုံးကြဲလေယာဉ် Y12နဲ့ ဗုံးတွေကြဲချနေတယ်”လို့ ထုတ်ပြန်ထားပါတယ်။

အင်းတော်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် နဲ့ တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်တို့အကြား ကသာ – အင်းတော် လမ်းပိုင်းတလျှောက်မှာလဲ တိုက်ပွဲများစွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က စစ်ကြောင်းထိုးဖို့ သတင်းထွက်ပေါ်လာကတည်းက ဒေသခံတွေအနေနဲ့ အရေးပေါ်၊ ဆေးဝါး၊ ရိက္ခာ နဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေ ထုတ်ပိုးပြင်ဆင်ထားကြဖို့လည်း Indaw Revolution-IR က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း နဲ့ ကချင်နယ်စပ်၊ ရွှေဘို – မြစ်ကြီးနားလမ်းမကြီးပေါ်မှာရှိတဲ့ အင်းတော်မြို့ကို ကျောင်းသားတပ်ဖွဲ့ (ABSDF) နဲ့ NUG လက်အောက်ခံတပ် PDF ပူးပေါင်းတပ်တို့ ၈ လကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ သိမ်းပိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment