Home စစ်ရေး နေပြည်တော်မှာ စစ်တပ် အခြေပြုလုံခြုံရေးစခန်းကို PLA ၀င်ရောက်စီးနင်း

နေပြည်တော်မှာ စစ်တပ် အခြေပြုလုံခြုံရေးစခန်းကို PLA ၀င်ရောက်စီးနင်း

by Homeland Author

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်ရှိ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က နို၀င်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စခန်းမှာ ရန်သူ့တပ်က ၂ နှစ်၀န်းကျင် တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး ရမည်းသင်းမြို့နယ်မှ စစ်ကြောင်း တကြောင်း၊ နေပြည်တော်နယ် အမြန်လမ်းမှ စစ်ကြောင်းတကြောင်း၊ အခြေပြုစခန်း နှစ်ခုမှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း သုံးကြောင်းဖြင့် စစ်တပ်က နယ်မြေစိုးမိုးရေးစစ် ကြောင်းထိုးနေစဉ် ၎င်းတို့ရဲ့ အခြေပြုစခန်းတခုကို ၀င်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ရန်သူ့စခန်းကို ၀င်ရောက်စီးနင်းချိန်မှာ ရန်သူတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ရန်သူရဲ့ ကင်းကြည့်‌မျှော်စင်တွေ၊ ဘန်ကာတွေကို စီးနင်းနိုင်ခဲ့ပြီး စခန်းတွင်း ၀င်ရောက်နိုင်ခဲ့ကြောင်း အဲဒီနောက် ရန်သူ့စခန်းကို ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မနေ့က နိုင်ဝင်ဘာ ၁၃ ရက်နေ့မှာလည်း ရန်သူ့စခန်းတခုလုံးကို ဒုတိယအကြိမ် ထပ်မံရှင်းလင်းခဲ့ပြီး ရန်သူ့စခန်းမှ ကျည်အချို့၊ ငွေသားအချို့ နဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ PLA က ပြောပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းနှစ်ကြောင်းဟာ ရတနာမြေအခြေပြုလုံခြုံရေးစခန်းရဲ့ အနီးကပ်ရွာနှစ်ရွာမှာ စစ်ကြောင်းထိုင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment