14






စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထံ အလင်းဝင်လာတဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးကို ဆုငွေ နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ PDF တပ်ဖွဲ့ဝင် ၃ ဦးဟာ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ SNA တပ်မဟာ ၆၁၄ တပ်ရင်း – ၁၅ တပ်ခွဲ (၂ ) ဆေရွှေမြင့်ထံ လက်နက် ကိုယ်စီဖြင့် လာရောက် အလင်းဝင်ခဲ့တာလို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း PDF တပ်ဖွဲ့ဝင် ၃ ဦး SNA ထံ အလင်းဝင်ခဲ့ပြီး တစ်ဦးကို ငွေကျပ် ၁၀ သိန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။





