Home စစ်ရေး သီပေါမြို့ကို စစ်တပ် ပြန်ထိန်းချုပ်

သီပေါမြို့ကို စစ်တပ် ပြန်ထိန်းချုပ်

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။

အခုလအစောပိုင်းက တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ သီပေါရှိ မြေစာရင်း၊ ထွေအုပ်၊ စိုက်ပျိုးရေး၊ ထောင် အပါအဝင် ဟိုတယ်သီပေါတို့ မီးရှို့ဖျက်ဆီးခံရမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေအနက် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို လက်လွှတ်လိုက်ရတာကြောင့် မန္တလေး – လားရှိုး ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

related posts

Leave a Comment