Home စစ်ရေး သီပေါမြို့ရှိ ဌာနဆိုင်ရာ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံရ

သီပေါမြို့ရှိ ဌာနဆိုင်ရာ အဆောက်အဦးတွေ မီးရှို့ဖျက်ဆီးခံရ

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့ရှိ ဌာနဆိုင်ရာ အဆောက်အဦးတွေ ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှစ၍ မီးရှို့ဖျက်ဆီးခံနေရတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံလာခဲ့ပါတယ်။

သီပေါမြို့ရှိ စိုက်ပျိုးရေးရုံး၊ မြေစားရင်းရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၄ ခုကို မီးရှိဖျက်ဆီးခံရကြောင်း မြိုခံသတင်းရင်းမြစ်တွေက ပြောဆိုနေကြပါတယ်။

အခုလအစောပိုင်းက ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ စစ်တပ်ဟာ သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တအာင်းတပ် (TNLA) နဲ့ သီပေါမြို့ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က စစ်တပ် နဲ့ TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ ကျောက်မဲမြို့မှာလည်း ဌာနဆိုင်ရာရုံးအချို့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

related posts

Leave a Comment