တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြိုကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၇ နာရီကျော်မှာ နမ္မတူမြို့ မြို့မဈေးရပ် ရပ်ကွက် (၂) ကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ဗုံးတွေ လာရောက် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အဆိုပါ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် နမ္မတူမြို့ရှိ နေအိမ် ၆ လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့
အလားတူ အောက်တိုဘာ ၂ ရက်နေ့မှာလည်း နမ္မတူမြို့မှာ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်းမှာလည်း သီပေါမြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။


